ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ မျက်စိခွဲစိတ်ကုသမည့်ကလေးငယ်အား အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၁၇

အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် + ဇနီးဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင်ထားသော ရွှေပြည်တော် သို့ဆုံမှတ်ပရဟိတအသင်းမှ တာဝန်ယူဆောင်ရွက်ပေးမည့် ဖောင်းပြင်မြို့နယ်မှ မျက်စိတစ်ဖက်ပေါက်ထွက်ကာ အနာဖြစ်နေသည့် ကလေးငယ် သားလေး မောင်အောင်လင်းသန့်အား ရန်ကုန်သို့ ပို့၍ ဆေးကုသပေးမည် ဖြစ်ပါသည်။

16 – 9 – 2018 ရက်နေ့က ဖောင်းပြင်မှ ခေါ်ဆောင်လာပြီး ယနေ့ ရန်ကုန်သို့အပို့ နေပြည်တော်တွင် လမ်းခရီးတစ်ထောက်နားစဉ် သားသမီးချင်းကိုယ်ချင်းစာစိတ် ပြည်သူလူထုကို တတ်နိုင်သည့်အားတို့ဖြင့် စောင့်ရှောက်လိုသောစိတ်တို့ဖြင့် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ ခေါ်ကာ တွေ့ဆုံအားပေးပြီး ဆေးကုသစရိတ် အလှူငွေ ငါးသိန်းကျပ် တိတိအား ကလေးမိခင်၏ လက်ထဲအရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။