(ကမ္ဘာမှာ အကြီးဆုံး ဘက်ထရီ ပါတဲ့ စမတ်ဖုန်း ) 22,000mAh ဘက်ထရီ ပါတဲ့ Doogee V Max

အကြမ်းခံ ဖုန်းတွေ ထုတ်လုပ်နေတဲ့ Doogee က 22,000mAh ဘက်ထရီပါတဲ့ Doogee V Max ကို ကြေညာတော့မှာပါ။ အဲဒီဖုန်းကို အားအပြည့်သွင်းထားပြီး Standby ထားရင် နာရီပေါင်း ၂,၃၀၀ အသုံးခံပါတယ်။ ဂိမ်း ကစားရင် ၂၅ နာရီ၊ ဗီဒီယို ကြည့်ရင် ၃၅ နာရီ၊ သီချင်းနားထောင်ရင် ၈၀ နာရီနဲ့ ဖုန်းပြောရင် ၁၀၉ နာရီ အသုံးခံပါတယ်။

Reverse Charging ပါတဲ့ အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပြီး Doogee V Max ကို အားသွင်းဖို့ 33W Fast Charger ပါပါတယ်။

ဖုန်းမှာ စွမ်းရည်မြင့် MediaTek Dimensity 1080 Chip မောင်းနှင်ထားပြီး 20GB RAM (12GB Base RAM+8GB Expandable RAM) ပါပါတယ်။ 256GB Storage ထည့်ထားပြီး 2TB microSD Card စိုက်နိုင်ပါတယ်။

၆.၅၈ လက်မ 120Hz FHD+ မျက်နှာပြင်ကို Corning Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 108MP Samsung HM2 ၊ Sony Sensor နဲ့ 16MP Ultrawide ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ထားပါတယ်။

IP68 , IP69K , MIL-STD-810H စံနှုန်းတွေ ပါတဲ့အတွက် အကြမ်းခံ၊ ရေစိုခံပြီး ဒီလ ၁၃ ရက်နေ့ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၂၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizchina