ကာဒ့်လူမျိုးများ သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရယူပေးရန် အကြွေးကျန်ရှိနေသည့် ပြင်သစ်

ပါရီမြို့တော်ရဲ့ ဒီနေရာမှာ ပေါ့၊ကျွန်တော့်ညီမနဲ့ သူ့သူငယ်ချင်းတွေ အသတ်ခံခဲ့ရတာ”ဟု ၂၀၁၃ခုနှစ် ဇန်နဝါရီလက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ကာဒ့်တက်ကြွလှုပ်ရှားသူ ဆာကိုင်းကန်ဆစ်ဇ်၏အကို မီတင်ကန်ဆစ်ဇ်က ပြောကြားခဲ့သည်။ “ပြင်သစ်အနေနဲ့ ကျွန်တော်တို့အတွက် တရားမျှတမှု ရယူပေးဖို့အကြွေးရှိနေပါတယ်”ဟု ၎င်းကဆိုသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် နေ့ညက ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် အသတ်ခံခဲ့ရသော ၎င်း၏ ညီမဖြစ်သူ ကံကြမ္မာကို ပြန်လည်တွေးတောချိန် ကန်ဆစ်ဇ်၏မျက်လုံးများ နီရဲလာကာ လက်များတုန်ယင်လာသည်။

အသက် ၆၁ နှစ်အရွယ်ဆံပင် များဖြူနေပြီဖြစ်သည့် ကန်ဆစ်ဇ်သည် ယနေ့အချိန်အထိ မဖြေရှင်းနိုင်သေးသော သတ်ဖြတ်မှုများ၏ ၁၀ နှစ်ပြည့်နှစ်ပတ်လည်မတိုင်မီ အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်သစ်-တူရကီ ဆက်ဆံရေးအပြောင်းအလဲတွင် ၎င်းတို့မိသားစုသည်ချစ်ရသူတစ်ဦးကို စွန့်လွှတ်ခဲ့ရသည် ကန်ဆစ်ဇ်ကဆိုသည်။

၂၀၀၃ ခုနှစ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် နေရာမှမိနစ်အနည်းငယ် လမ်းလျှောက်သွားလျှင်ရောက်ရှိနိုင်သည့် ပါရီမြို့တော်ရှိ ကာဒ့်ယဉ်ကျေးမှုစင်တာတွင် ဒီဇင်ဘာ ၂၃ ရက်က အလားတူ ခြောက်ခြားဖွယ် ဖြစ်စဉ်အတွင်း သုံးဦးသေဆုံးခဲ့သည်။ နောက်ဆုံးအကြိမ်ဖြစ်ပွားသည့်သတ်ဖြတ်မှုများတွင် သံသယရှိသူသည် ရွှေ့ပြောင်းနေထိုင် သူများကို သတ်ဖြတ်လိုကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု ပြင်သစ်အစိုးရရှေ့နေများက ပြောကြားခဲ့သော်လည်း အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားခဲ့သောကာဒ့် အများအပြားကမူ တူရကီနိုင်ငံက ကြိုးကိုင်ထားသည့် အကြမ်းဖက်လုပ်ရပ်ဟုသံသယရှိကြောင်း ပြောကြားခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တူရကီ၌ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကာဒ့်ခွဲထွက်ရေးအတွက် ကန်ဆစ်ဇ်၏ ကိုယ်ပိုင်ကတိကဝတ်ကြောင့် အကျဉ်းထောင်တွင်အချိန် ကုန်ဆုံးခဲ့ရသည်။ “ဒီနှစ်မှာတော့ ဒီတာဝန်နဲ့နာကျင်မှုတွေကို ကျွန်တော်တို့ပိုခံစားရပါတယ်”ဟု၎င်းကဆိုသည်။ အသက် ၅၄ နှစ်အရွယ်ဆာ ကိုင်းကန်ဆစ်ဇ်သည် တူရကီအစိုးရကို ကာလကြာရှည် ပုန်ကန်ခဲ့သည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) ကို တည်ထောင်ခဲ့သူဖြစ်ပြီး တူရကီအစိုးရနှင့် ၎င်း၏အနောက်ဘက်မဟာမိတ် များက PKK ပါတီကိုအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားကြသည်။ သူသည် ပါရီမြို့တော်ရှိကာဒ့် သတင်း အချက်အလက် စင်တာတွင် ၂၀၁၃ ခုနှစ်က အသက် ၂၈ နှစ်အရွယ် ဖီဒန်ဒိုဂန်နှင့်အသက် ၂၄နှစ်အရွယ်လေလာ ဆေလီမက်ဇ်တို့နှင့်အတူ ပစ်သတ်ခံခဲ့ရသည်။ လွန်ခဲ့သည့်လကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း အက်ဘ်ဒူရာ မန်ကီဇီးလ်၊ အဆိုတော်မီယာပါ၀ါနှင့် PKK  ပါတီနှင့်ဆက်နွှယ်နေသည့်ပြင်သစ်နိုင်ငံရှိကာဒ့်အမျိုးသ မီးလှုပ်ရှားရေး ခေါင်းဆောင်အီမိန်း ကာရာတို့ကို ဝီလျံမာလတ်အမည်ရှိအမျိုးသားတစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ မီတင်ကန်ဆက်ဇ် က ယင်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများနှင့် သိကျွမ်းသည်ဟုဆိုသည်။

ကန်ဆက်ဇ်သည် ဒီဇင်ဘာ တိုက်ခိုက်မှုမဖြစ်ပွားခင်သုံးရက် အလိုက နယ်သာလန်နိုင်ငံမှပါရီသို့ ရောက်ရှိလာခဲ့သည်။ နှစ်စဉ်လွမ်းဆွတ်မှုအခမ်းအနား ပြုလုပ်ရန်ပြင်ဆင်နေသည့် ကာရာရှိရာ ယဉ်ကျေးမှုစင်တာသို့ ကန်ဆစ်ဇ်သွား ရောက်ခဲ့သည်။ “ကျွန်မအန္တရာယ်ကင်းပါတယ်လို့ သူကအခိုင်အမာပြောပေမယ့်လည်းကျွန်တော်ကတော့ဒါက ကောင်းပါတယ်။ ခင်ဗျားကိုယ်ခင်ဗျားတော့ ဂရုစိုက်သင့်တယ်လို့ပြောခဲ့သေးတယ်။ နှစ်ရက်အကြာမှာတော့ ဗျာ….”ဟူ၍ကန်ဆစ်ဇ်က ဝမ်းနည်းစွာပြောကြားခဲ့သည်။ ကန်ဆစ်ဇ်နှင့်၂၀၁၃ခုနှစ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ ၏ ကျန်ရစ်သူမိသားစုဝင်များကယင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူအား ယခုအချိန်အထိ ထုတ်ဖော်မသိရှ ိသေးသည့် အတွက် တရားမျှတမှုကို တောင်းခံလျက်ရှိသည်။ ယင်းတိုက်ခိုက်မှုအတွက်ချား ဒီဂေါလေဆိပ်မှ တူရကီပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးခုံရုံးတင် စစ်ဆေးခံရသော်လည်း ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် ရုံးထုတ် စစ်ဆေးမှုမတိုင်မီ ဦးနှောက်ကင်ဆာဖြင့်ကွယ်လွန်သွားခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်က ကျန်ရစ်သူမိသားစုဝင်များ နှင့်တရားသူကြီးတို့ တွေ့ဆုံခဲ့ပြီး တရားသူကြီးက အတားဆီးများသည် အမှုကိုရှေ့ဆက်ရန် ကာကွယ်ထားသည်ဟု ပြောကြားခဲ့သည့်အတွက် စိတ်ပျက်ခဲ့ကြောင်း ကန်ဆစ်ဇ်ကဆိုသည်။ “ဒီအမျိုးသမီးသုံးဦးဟာဒီနေရာမှာ အသတ်ခံ ရတာ ဖြစ်ပြီးဒါဟာ ပြင်သစ်ရဲ့လုံခြုံရေးပျက်ပြားတာ ကြောင့်ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို ဥပဒေအရ အရေးယူပြီးတဲ့အချိန်ကျမှ ကျွန်တော်တို့လည်း သက်ပြင်းချနိုင်မှာပါ”ဟု ကန်ဆစ်ဇ်ကပြောကြားခဲ့သည်။