၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများပြုလုပ်

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မန္တလာသီရိအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ပြိုင်ပွဲအမျိုး အစားများမှာ(၁) ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ (၂) ဝန်ကြီးချုပ်ဖလားမြို့နယ် ပေါင်းစုံ ဖိတ်ခေါ်အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ  (၃) ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ  ဖိတ်ခေါ် ဘောလီဘောပြိုင်ပွဲ (၄) ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ  ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (၅) ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ခြင်းလုံးပြိုင်ပွဲ ၊ (၆) လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မြို့နယ် ပေါင်းစုံလက်ဝှေ့ပြိုင်ပွဲ ၊ (၇) လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် မြို့နယ်ပေါင်းစုံ မိုက်ခရိုမာရသွန် လူငယ်ဖိတ်ခေါ်ပြေးပြိုင်ပွဲ၊ (၈) မီတာ ၁၀၀ ပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အားလူးကောက်ပြေးပွဲ၊ မီတာ ၁၀၀ စကောရွက်ပြေးပွဲ၊ မီတာ ၁၀၀ ဂုံနီအိတ်စွပ်ပြေးပွဲ ၊ (၉) ချောတိုင်တက်ပြိုင်ပွဲ၊ (၁၀) လွန်ဆွဲပြိုင်ပွဲ၊ (၁၁) ခေါင်းအုံးရိုက်ပြိုင်ပွဲ၊(၁၂) ထုပ်စည်းတိုးပြိုင်ပွဲတို့ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါပြိုင်ပွဲများ ကဏ္ဍအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ဆုချီးမြှင့်ခဲ့ပြီး၊  ဆုကြေးများအနေဖြင့် အမြင့်ဆုံးဆုငွေ ၅သိန်းကျပ်မှ အနိမ့်ဆုံးငွေ ၃သောင်း ကျပ်ထိ ပေးအပ်ခဲ့ကြသည်။