မန်တုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

မန်တုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် အရံကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနံနက် ၉း၃၀ နာရီချိန်တွင်စတွင်ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဌ ဦးမိုင်းထွန်းအေးမှ ဦးဆောင် ဆွေးနွေးပြီး ပြည်နယ်ပါတီ ဥက္ကဌနှင့်ပြည်နယ် ကော်မတီဝင်များ၏လမ်းညွန်ချက် များအား ပြန်လည်ရှင်းလင်းခြင်း၊ ရက် (၉၀)စီမံချက် လုပ်ငန်းစဉ် များ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ PR အချိုးကျကိုယ်စားပြုစနစ် ရှင်းလင်းပေးခြင်းနှင့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကိစ္စရပ်များအား ဆွေးနွေးခြင်းများပြုလုပ်ပြီး အစည်းအဝေးကို နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ပြီးဆုံးကြောင်းသိရပါသည်။