ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် လူငယ်တွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်း တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပါတီရုံးခန်းမ၌လူငယ်တွေ့ဆုံပွဲဆောင်ရွက်ခဲ့ရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်စန်းစန်းဝင်း တက်ရောက်ခဲ့သည်။ ယ​နေ့နံနက် ၉း၀၀ နာရီအချိန်က တက်ရောက်လာကြသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်းက ယနေ့နိုင်ငံရေးအခင်းအကျင်းနှင့် လူငယ်များနဲ့ အခန်းကဏ္ဍတို့ကို ဦးဆောင် ဆွေးနွေးခဲ့သည်။

ဒဂုံမြို့သစ်ခရိုင် ပါတီ ဥက္ကဋ္ဌ ဒေါ်ဇာခြည်လင်းက လူငယ်များ၏အနာဂတ်သည် တိုင်းပြည် ၏ အနာဂတ်ဖြစ်သည့် အတွက် ယနေ့လူငယ်များအနေနဲ့ လက်တွေ့လူမှုဘဝတွင် ကြိုးစားကြရန်တိုက်တွန်းခဲ့ပြီး ၊ ခရိုင် ကော်မတီဝင် ဒဂုံမြို့သစ်မြောက်ပိုင်း ပါတီဥက္ကဌ ဦးသန်းစိုး က ပါတီ၏ အခြေခံစည်းမျဉ်းပါ လူငယ်များနှင့်ပတ်သက်သည့် ပါတီ၏ မူဝါဒများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ခဲ့ကြသည်။

တက်ရောက်လာကြသူလူငယ်များမှ ရွေးကောက်ပွဲစနစ် PR နှင့်ပတ်သက်၍လည်းကောင်း၊ အချို့သော ပုဂ္ဂလိကလ ကျောင်း များတွင် ဘာသာရေးနှင့်ပတ်သက်သည့် လွဲမှားသည့်ပုံသွင်းဆောင်ရွက်နေမှုများကို ကိုယ်တွေ့ဖြစ်ရပ်များ နှင့် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို ၁၅းဝဝနာရီတွင် ရပ်နားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ရပ်ကွက် ခေါင်းဆောင်များနှင့် လူငယ်များ စုစုပေါင်း ၆၅ဦးတက်ရောက်ခဲ့ကြသည်။