ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ငြိမ်း)ဦးဆောင်သည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ပေးအပ်သော အသက်(၁ဝဝ)နှင့်အထက်ဘိုးဘွား များအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို စက်တင်ဘာ (၂၃) ရက် နံနက် (၁ဝ) နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘိုးဘွားများအား အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ တောက်ပံ့ငွေ ပေးအပ် ရာသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး၊ လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ်ကော်မတီဝင်များလိုက်ပါလျက် ကြောင်ရေကျေးရွာ အုပ်စုသာယာစုကျေးရွာရှိ အဘွားဒေါ်လှတင် အသက် (၁ဝ၄နှစ်)၏ နေအိမ်သို့သွားရောက်၍ ငွေကျပ်နှစ်သိန်း ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမှတ်(၅) ရပ်ကွက်နေ အဘွားဒေါ်မြဝေ၊ အသက်(၁ဝ၁နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ထောက်ပံ့ငွေကျပ် နှစ်သိန်း ပေးအပ်ခဲ့ရာ အဘွားများ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ငြိမ်း)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကျေးဇူး တင် ဝမ်းမြောက်ပါကြောင်း၊ သာဓု ခေါ်ပါကြောင်း ဝမ်းသာကြည်နူးစွာ ပြောကြားခဲ့သည်။

ဟိန်းအောင် (နေပြည်တော်)


Leave a Reply