လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) ပြုလုပ်

လသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လစဉ်ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ် (၁၁/၂၀၂၂) အား မြို့နယ်ပါတီရုံး၌ ယနေ့ (၂၇-၁၁-၂၀၂၂) နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို လသာမြို့နယ် ပါတီဥက္ကဌ ဦးအောင်ဟုတ်စိန်၊ အတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုး၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ကြည်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပါတီ​၏ ရက်(၉၀) စီမံချက်နှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ပါတီဝင်အင်အား စိစစ်ရေး လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများက‌ ဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြမှုများအား ပြန်လည်ရှင်းလင်း ဆွေးနွေးပြီးတက်ရောက်လာသော မြို့နယ်ရပ်ကွက်အဖွဲ့ဝင်များအား ထောက်ပံ့ ကြေးများပေးအပ်ကာ (၁၂:၀၀)နာရီ အချိန်တွင် အစည်းအဝေး ရုပ်သိမ်းခဲ့သည်။