အရှေ့တောင်အာရှတွင် တလအတွင်းထိပ်သီးအစည်းအဝေးကြီး ၃ခုရှိ

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုဖြစ်​နေ​သောအခြေအနေတွင် အာဆီယံ၊ G-20 နှင့် APEC ထိပ်သီးအစည်းအဝေးများကိုအ​ရှေ့​တောင်အာရှတွင်ကျင်းပမည်ဖြစ်သည်။

မြန်မာ၊ထိုင်ဝမ်နှင့်ယူကရိန်းကဲ့သို့ပြသနာများအပြင် အင်အားကြီးနိုင်ငံများအားပြိုင်မူ​ကြောင့် ပိုလာရိုင်ဇေးရှင်း ကြီးထွားလာ​နေသည့်အ​ခြေအ​နေမျိုးတွင် အစည်း​ဝေး တက်​ရေးမတက်​ရေးများကလည်း အ​တော်စဉ်စားကြရသည့် ကိစ္စဖြစ်သည်။

ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်၌အာဆီယံ ထိပ်သီးအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၀ရက်မှ  ၁၃ ရက်​နေ့အထိ ကျင်းပ​နေပြီဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံ၌  နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ G-20 ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ခါ ၊ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်တွင် APEC ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်သည်။

Ref: thediplomat