ပုပ်ရဟန်းမင်းကြီး ပြုံယမ်းလာရောက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ဖိတ်ခေါ်

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပုပ်ရဟန်းမင်းကြီးကို ပြုံယမ်းလာရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်ကို ဗာတီကန်သွားရောက်မယ့် တောင်ကိုရီးယား သမ္မတမွန်းက အမှာပါးမယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း ကင်ဂျုံအန်းက သမ္မတမွန်းကို ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံလိုကြောင်း ပြောခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ ဗာတီကန်တို့ဟာ တရားဝင်သံတမန် ဆက်ဆံရေး မရှိကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB