ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

နိုဝင်ဘာလ ၁၀၊  နေပြည်တော်

နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကူနှစ်လုံး ဆည်စုအုပ်စု ပါတီဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

အခမ်းအနားတွင် ကူနှစ်လုံးဆည်စုအုပ်စု၏ ပါတီဆိုင်းဘုတ်အား တက်ရောက်လာသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စိုက်ထူခဲ့ပြီး ပြည်ထောင်စုနယ်မြေခေတ္တဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များက ကျေးရွာရှိ ပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်းပြုလုပ်၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေခေတ္တ ဥက္ကဌ ဦးလှဆွေ၊ အတွင်းရေးမှူး ဦးဝင်းဌေး၊ ပြည်ထောင်စု နယ်မြေ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ရပ်မိရဖများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။