နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားဆုကို လက်ခံရယူခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွှေးစင် ကစားသမားကြီး ရော်နယ်ဒို ကတော့ နိုင်ငံအတွက် ရောက်ရောက်ချင်းပဲ ဆုတံဆိပ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ Quinas De Ouro 2022 အမည် ရှိ ဒီဆုဟာ ပေါ်တူရီနဲ့အတူ ထာဝရ နိုင်ငံတကာသွင်းဂိုးအများဆုံး ဖြစ်ခဲ့တာကြောင့် ခုလို ဆုလက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ နိုင်ငံသွင်းဂိုး ၁၁၇ ဂိုးနဲ့ ထာဝရ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ဂင်းနစ်စံချိန်ဝင်နေသူ ဖြစ်ပြီး ဒီဆုကို လက်ခံပြီးနောက် –

“ ကျွန်တော် ချစ်တဲ့ နိုင်ငံအသင်းနဲ့အတူ ဒီဆုရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်လို့ မဆုံးပါဘူး။ ဒီ့အတွက် နည်းပြ ၊ အသင်းဖော်တွေ ၊ ကျွန်တော့်မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ အားပေးခဲ့ကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်သမျှ ၊ နောက်လည်း ရနိုင်သမျှသော စံချိန်တွေ ချိုးဖျက်သွားဖို့လည်း ရှိနေပါသေးတယ်…” လို့ ပြောသွားခဲ့ပါတယ်။