ရော်နယ်လ်ဒိုကို စံချိန်တင်လုပ်ခလစာဖြင့် ကမ်းလှမ်းခဲ့သည့် ဆော်ဒီကလပ်

မန်ချက်စတာယူနိုက်တက်အသင်းတွင် အနာဂတ်နဲ့ ပတ်သတ်ပြီး သတင်းများတောက်လျောက်ထွက်ပေါ်နေသည့် ပေါ်တူဂီစူပါစတား ခရစ်စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီကလပ်တစ်ခုမှ စံချိန်တင်လုပ်ခလစာ ဖြင့် ကမ်းလှမ်းလိုက်သည်။ ရော်နယ်လ်ဒို အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပြင် ဥရောပထိပ်တန်းလိဂ်များတွင် ဆက်လက်ကစားချင်တာကြောင့် ကမ်းလှမ်းမှုကို လက်ခံရန် အခွင့်အရေးနည်းပါးနေသော်လည်း ဆော်ဒီ ကလပ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက တစ်ပတ်လုပ်ခ ပေါင်(၂)သန်းရရှိမည်ဖြစ်ပြီး ကမ္ဘာ့လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ မျက်မှောက်ခေတ် လုပ်ခလစာအများဆုံးကစားသမားများတွင် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်အတွဲများဖြစ်ကြသော ကီလီယန်အမ်ဘတ်ပေ၊ လီယိုနယ် မက်ဆီ၊ နေမာ ဂျုနီယာ၊ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလ၊ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနာ၊တိုက်စစ်မှူး အဲလင်း ဟာလန်း၊ ယူနိုက်တက်ဂိုးသမား ဒါးဗစ် ဒဟဲယား၊ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးအန်ထရွန် ဂရီးဇ်မန်း၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါ့စကီး တို့က အစဉ်လိုက်ရပ်တည်နေသည်။ ယူနိုက်တက်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအများဆုံး ရရှိထားသည့် ကစားသမားအဖြစ် ဆက်လက်ဦးဆောင်လျက်ရှိနေသည်။  UKMatchday