ခရိုင်ဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ ပြန်လည် ရွေးချယ်တင်မြှောက်ပွဲကျင်းပပြုလုပ်

ကျုံပျော် ဩဂုတ် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျုံပျော်ခရိုင် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားနှင့် ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို(18.8.2022) ရက်နေ့ နံနက်  (9:30)နာရီတွင် ကျုံပျော်မြို့နယ် ပါတီရုံးခန်းမ၌ကျင်းပရာ  တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ နယ်မြေတာဝန်ခံတိုင်းပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်းနှင့် တိုင်းပါတီကော်မတီဝင် ဦးအောင်မြင့်သိန်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။