ပြည်နယ်ကော်မတီဝင်လူငယ်ရေးရာဒုတိယတာဝန်ခံ ဖားဆောင်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖားဆောင်း စက်တင်ဘာ ၃

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဘောလခဲခရိုင် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဖား ဆောင်းမြို့နယ်တာဝန်ခံ လူငယ်ရေးရာ ဒုတိယ တာဝန်ခံဒေါ်နန်းယဉ်သီတာထွေးနှင့် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်ညိုနှင့် မြို့နယ်ကော်မတီဝင်များ၊ ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်၊ မောင်လရိပ်တို့နှင့်တွေ့ဆုံ၍ လူငယ်ရေးရာလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြမူများဆောင်ရွက်ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲ တွင် ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်က လူငယ်များ ဆောင်ရွက်ရမည့်ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်ပါတီဥက္ကဋ္ဌက လမ်းညွှန်မှုများချမှတ်ပြီး လူငယ်များအား ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)