၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

မိုးညှင်း ဩဂုတ် ၁၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အစည်း‌အဝေးခန်းမတွင် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။

 အခမ်းအနားတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၁)ဦး လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၆)ဦး၊  နှစ်ဘာသာဂုဏ်ထူးရှင် (၅)ဦး၊  တစ်ဘာသာဂုဏ်ထူးရှင် (၃၆)ဦးတို့ကို ဂုဏ်ပြုဆုငွေများကို ပြည်နယ်‌ ခရိုင် မြို့နယ်တာဝန်ရှိသူများမှ အသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် ထူးချွန်ဆုရကျောင်းသား/သူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင်မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းပါသည်။