ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဩဂုတ် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးမှ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဆိုင်ရာများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ပြည်ထောင်စုနယ်မြေ၊ ခရိုင်များ၊ မြို့နယ်များက ပါတီအဆင့်ဆင့် တာဝန်ရှိသူများမှ ပါတီ၏ လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်များမှ ပါတီကော်မတီဝင်များ၊ မြို့နယ် ၈ မြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။