မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းကပ်လှူခြင်းနှင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၂၇။ ။ တောင်ညွန့်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဟင်္သာတ​ကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်( ၉ )  နာရီအချိန်တွင်ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဌ ဟင်္သာတကျောင်း ဆရာတော် သီလပေးတရားဟောကြား၍ ဝါဆိုသက်န်းနှင့် လှုဖွယ်ပစည်းများဆပ်ကပ်လှုဒါန်းကြပါသည်။

ထို့နောက်ရေစက်ချတရားနာ ၍ နေ့ဆွမ်း ကပ်လှုကြပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ  ဦးညဏ်ဝင်းထိုက်၊ ကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ မဂ်လာတောင်ညွန့်မြို့နယ်ပါတီဥက္ကဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှုး ဦးတင်ရှိ၊ ဘဏ္ဍာရေးမှုး ဒေါ်နှင်းအိအိခင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်(၂၀) ပါတီဥက္ကဌများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။