ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၁၇၊ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်နယ်မြေပါတီရုံး၌ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေနာယက ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဌေးဝင်း နှင့် ပြည်ထောင်နယ်မြေကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှဝေခဲ့​ကြပါသည်။