Wimbledon ခ်န္ပီယံဆု Djokovic သတၱမအႀကိမ္ ဆြတ္ခူး

တနင်္ဂနွေနေ့က ကျင်းပတဲ့ Wimbledon တင်းနစ် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ဆားဗီးယားနိုင်ငံသား Novak Djokovic (ဂျိုကိုးဗစ်ချ်)က သြစတြေးလျနိုင်ငံသား Nick Kyrgios(ကီးရီး အော့်စ်)ကို ၄-၆, ၆-၃, ၆-၄, ၇-၆ နဲ့ အနိုင်ရသွားပြီး Wimbledon ချန်ပီယံဆုကို သတ္တမကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။ အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ Djokovic က ဒီ Wimbledon ပြိုင်ပွဲမှာ ၄ နှစ်ဆက်တိုက် ရှုံးပွဲမရှိပဲ (၂၈)ပွဲလုံး အနိုင်ရခဲ့တာပါ။

Wimbledon အခုလို ဗိုလ်စွဲသွားတာကြောင့် ၊ Grand Slam ချန်ပီယံဆုကို (၂၁)ကြိမ် မြောက် ရရှိသွားတာလည်း ဖြစ်ပါတယ်။ အသက် ၂၇နှစ် အရွယ် Kyrgios (ကီးရီး အော့်စ်)ကတော့ Grand Slam ပြိုင်ပွဲတွေမှာ ပထမဦးဆုံးဗိုလ်လုပွဲ တက်လာသူဖြစ်ပါတယ်။ ပထမပွဲ စစချင်း (၃၁)မိနစ်မှာ Kyrgios က သွက်သွက်လက်လက် ကစားနိုင်ခဲ့ပြီး သူ့ရိုက်ချက်တွေ အောက်မှာ ဂျိုးကိုဗစ်ချ် အတော်ရုန်းကန် ခဲ့ရတာပါ။

ဒုတိယပွဲစဉ် ပြန်စချိန်မှာတော့ သူပင်ကိုယ် စရိုက်အတိုင်း မာန်သွင်းပြီး ပြန်ကစားရာက Kyrgios ကို ထိန်း ကစားနိုင်ခဲ့ပြီး နောက်ပိုင်း (၃)ပွဲ ဆက်တိုက် နိုင်ပြီး ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။ အမျိုးသားဘက်မှာတော့ စပိန်က နာမည်ကျော် Rafa Nadal Grand Slam ချန်ပီယံဆု (၂၂)ကြိမ် အများဆုံး ရရှိထားပြီး၊ဂျိုးကိုဗစ်ချ်က ၂၁ ကြိမ် နဲ့ ဒုတိယ၊ ဆွစ်ဇာလန်က Roger Federer က အကြိမ်(၂၀)နဲ့ တတိယ အများဆုံးရထားတာဖြစ်ပါတယ်။