ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ။ ။ ဇူလှိုင် (၃)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး သည် (၂.၇.၂၀၂၂) နေ့လည်ပိုင်းက သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီ တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပါတီ၏ ​ရှေ့ဆက်ဆောင်ရွက်မာ့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ   တွေ့ဆုံပွဲ အခမ်းအနားကို ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှုး ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီ နာယကများ၊ ခရိုင်(၄) ခု မှ ပါတီ ဥက္ကဌ နှင့် အတွင်းရေးမှုးများ၊ မြို့နယ်အသီးသီးမှ ပါတီဥက္ကဌ နှင့်အတွင်းရေးမှုးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။