ကမ္ဘာ့ ပမာဏအများဆုံး 1.5TB microSD Card ကို မိတ်ဆက်လိုက်တဲ့ Micron

စမတ်ဖုန်းတွေ စထွက်ပေါ်လာတဲ့အချိန်မှာ Memory Card တွေဟာ Megabytes ပမာဏပဲ ပါလာပါသေးတယ်။ အခုတော့ Terabyte ပမာဏ ဝင်ဆန့်တဲ့ microSD Card တွေ ထွက်လာပါပြီ။ အခုလည်း Micron က စံချိန်သစ်တင်လိုက်ပြန်ပါပြီ။

ကုမ္ပဏီက ကမ္ဘာ့ ပမာဏ အများဆုံး microSD Card ကို ကြေညာလိုက်ပြီး 1.5TB Storage ပါပါတယ်။ 1.5TB အထိ အများဆုံး Storage ပမာဏရှိတဲ့ ကုမ္ပဏီရဲ့ i400 microSD Card ကနေ ဒီလို ဖြစ်အောင် ပြုလုပ်ထားတာပါ။ အဲဒီ Card ကြောင့် microSD Card Slot ပါတဲ့ အီလက်ထရောနစ် ကိရိယာတွေမှာ ဒေတာ ပမာဏများစွာ သိမ်းဆည်းနိုင်တော့မှာပါ။

အခုနောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ 1.5TB microSD Card ကို မထောက်ပံ့သေးပေမယ့် မကြာခင်မှာ ထောက်ပံ့လာတော့မယ်လို့ ထင်ပါတယ်။ Micron က SSD တွေမှာ သုံးထားတဲ့ တူညီတဲ့ နည်းပညာ ဖြစ်တဲ့ 176 Layer 3D NAND နည်းပညာကို အသုံးပြုခြင်းဖြင့် အခုလို စံချိန်တင် ပမာဏရအောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ တစ်နည်းအားဖြင့် 3D Pattern အနေနဲ့ Memory Cell တွေကို တစ်ခုအပေါ် တစ်ခု ထပ်ထားတာပါ။

ဒါပေမယ့် စံချိန်တင်ထားတဲ့ ထုတ်ကုန်တွေရဲ့ ထုံးစံအတိုင်း Micron ရဲ့ 1.5TB microSD Card ဟာ အစပိုင်းမှာ ဈေးနှုန်း ကြီးမြင့်မှာပါ။ ကောင်းတဲ့အချက်က အရင်မျိုးဆက် 1TB microSD Card တွေ ဈေးကျလာမှာပါ။

 Ref : gizmochina