ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ထောက်ပံ့မူဖြင့် လှိုင်းဘွဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့လှူဒါန်းခြင်း

မြိုင်ကြီးငူ၊    ဇွန်  ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ထောက်ပံ့ပေးမှု၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနီးကပ်ကြီးကြပ်မူဖြင့် လှိုင်းဘွဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် ကော်မတီ၀င်များသည် ယနေ့ နံနက်  ၉:၀၀ အချိန်တွင်   မြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူဓမ္မာရုံတွင် တိုက်ပွဲရှောင် အိမ်ထောင်စု ၃၇၃ စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ၁အိတ်နှင့် ဆီ၁ဗူးစီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။