မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် ကော့သောင်းမြို့တို့မှ MoU လုပ်သား ထပ်မံစေလွှတ်

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် လမ်းကြောင်းနှင့် ကော့သောင်း-ရနောင်းလမ်း ကြောင်းတို့မှ ဇွန် ၁၇ ရက်က MoU လုပ်သား ၃၄၈ ဦး ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။ မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂ )ချစ် ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နှစ် နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာ လုပ်သား ၂၉၈ ဦးကို ဇွန် ၁၇ ရက်က ပြည်ပအ လုပ်အကိုင်အကျိုးဆောင် Top 1 အေဂျင်စီ နှင့် ရွှေဝတ်မှုံခအေဂျင်စီတို့က ထပ်မံစေလွှတ် ခဲ့ကြောင်း သိရသည်။

Top 1 အေဂျင်စီမှ တာဝန်ယူပို့ဆောင် ပေးသည့် မြန်မာလုပ်သားများအနက် လုပ် သား ၉၉ ဦးနှင့် ရွှေဝတ်မှုံခအေဂျင်စီမှ စေလွှတ်သည့် လုပ်သား ၁၉၉ ဦးတို့ကို ပထုံဌာနီမြို့ရှိ ကြက်သားစက်ရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ ကော့သောင်း-ရနောင်းလမ်းမှ  တတိယအကြိမ် MoU လုပ်သားစေလွှတ်မှုအ ဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၀ ကို  ဇွန် ၁၇ ရက်က စေလွှတ်ခဲ့သည့်အတွက် ဇွန် ၁၇ ရက်တွင် နယ်စပ်မြဝတီနှင့် ကော့သောင်း မြို့တို့မှ မြန်မာလုပ်သား ၃၄၈ ဦး တရားဝင်ထွက် ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  MoU လုပ်သားများအား အလုပ် သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံ ဌာနဆိုင်ရာ များက ကြိုဆိုလက်ခံခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။ ထိုင်းနိုင်ငံသို့  MoU အလုပ်သမားစေ လွှတ်မှုကို မြဝတီ-မဲဆောက်လမ်းကြောင်းမှ တစ်ဆင့် မေ ၁၀ ရက်တွင် စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြဝတီ- မဲဆောက် (ကုန်း) လမ်းကြောင်းနှင့် ရနောင်း-ကော့ သောင်း (ရေလမ်းကြောင်း) တို့မှ နှစ်ရပ်ပေါင်း MoU လုပ်သား စုစုပေါင်း ၃၅၀၇ ဦး တရားဝင် ထွက်ခွာခဲ့ပြီဖြစ်ကြောင်း မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။  Eleven