ဗန်းမော်မြို့၏ မြစ်ရေကြီးမှုအခြေအနေ နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်

ကချင်ပြည်နယ်၊ ဗန်း‌မော်မြို့၏ မြစ်ရေကြီးမှုအခြေအနေသည် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၁၉ ရက် တွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်အောက်နှစ်ပေခွဲခန့်တွင်ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။