Covid-19 ဥပဒေနှင့်အညီ ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ မဲဆွယ်စည်းရုံး

ညောင်လေးပင်၊ အောက်တိုဘာ ၁၅ ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ယမန်နေ့ မနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ မှော်ပြား၊ ကွင်းဒလကြီး၊ ပုဇွန်မြောင်း (အရှေ့)၊ ရွှေဘုံသာကျေးရွာများသို့ COVID-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း Door to Door လက်ကမ်းစာစောင်များ ဝေငှ၍ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စည်းရုံးရေးဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံး ရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။
Waiyan