ဗဟိုအမျိုးသမီးညီလာခံကိုဂုဏ်ပြုကြိုဆို သက်ကြီးရွယ်အိုများ ဓမ္မစကူးလ်ကျောင်းသားများအား အာဟာရဒါနပြုနှင့်ကိုယ်လက်သန့်စင်မှုများလုပ်ဆောင်ပေး

 

အာက်တိုဘာ ၁၁

ယခုနှစ်ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ တောရဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော တောရဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ၂၅ဝ ကို အာဟာရဒါနအဖြစ် အုန်းနို့သာဂူ တိုက် ကျွေးခဲ့သည်။

ဆက်လက်၍ အမှတ်(၁၃)ရပ်ကွက် ချမ်းမြေ့ရိပ်သာရှိ ဘိုးဘွား များအား အာဟာရဒါနများ ကျွေးမွေးကန်တော့ခြင်းနှင့်တစ်ကိုယ် ရေကိုယ်လက်သန့်ရှင်းမှုများ၊ ရိပ်သာပတ်ဝန်းကျင်ရှင်းလင်းမှုများ ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။

အဆိုပါညီလာခံအကြို ဒါနပြုကုသိုလ်ယူပွဲတွင် ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာပါတီကော်မတီ ဝင်များ စုစုပေါင်း ၁ဝဝခန့် ပါဝင်ခဲ့သည်။