မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင် ရွာသာကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

တောင်တွင်းကြီး၊ အောက်တိုဘာ(၁၅)
တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစောဝင်းမောင်သည် ယမန်နေ့တွင် ရွာသာကျေးရွာတွင် လူထုဟောပြောစည်းရုံးပွဲ ကျင်းပရာ ပါတီဝင်များ၊ ပါတီဝန်းရံအားပေးသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူထုစည်းရုံးဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်က မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး အကြံပေးပြောဆိုခြင်း၊ ဒီမိုကရေစီ၏ အနစ်သာရများ ရှင်းလင်းပြောကြားခြင်း၊ မျက်မှောက်နိင်ငံရေး အခြေနေများဆွေးနွေးပြောကြားခြင်း၊ ကိုယ်စားလှယ်လောင်းများ မှန်ကန်စွာ ရွေးချယ် သတ်မတ်စေရေးနှင့်တို့ကို အကျယ်တစ်ပွင့်ပြောကြာခဲ့ပါသည်။
Hnin Ei Hlaing