ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ ငလျင်သင့်ဘုရားစေတီများတွင် သန့်ရှင်းရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ၏ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ် မှ လူငယ်အင်အား ၅ဝ ဖြင့် ပုဂံဒေသရှိ ငလျင်သင့် ဘုရားစေတီများကို ယခုလ ၁ ၇ရက်မှ ယမန်နေ့အထိ ငါးရက်ကြာ ဘုရား (၁၈) ဆူ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ရွှေဘိုခရိုင်ပါတီဝင်လူငယ်များနှင့် အတူ ရန်ကုန်မြို့မှ ဆရာတော် အရှင်ဥာဏဓမ္မ ဦးဆောင်သော မဘသအဖွဲ့များ၊ ရန်ကုန်၊ မြန်အောင်၊ ကျုံဒိုးမြို့နယ်များမှ လူမှုရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိမ်းနိုင်(ဝက်လက်)


Leave a Reply