ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အောင်နိုင်ရေးဗွီနိုင်းဘုတ်များစိုက်ထူခြင်းနှင့် ( Door to Door ) ဆောင်ရွက်

ဘီးလင်း ၊ အောက်တိုဘာ ( ၁၄ )
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစိုးမင်းစမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ ပြည်နယ်လွှတ်တော်အမှတ် ( ၁ ) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦးတို့သည် ယမန်နေ့ နံနက် ( ၁၀ ) နာရီက ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ရွာတန်းတိုရပ်ကွက်တို့တွင် ပါတီ အောင်နိုင်ရေး ဗွီနိုင်းပိုစတာများ စိုက်ထူ၍ ရပ်ကွက်နေပြည်သူများထံသို့ ပါတီဝန်းရံသူများမှ COVID- 19 ရောဂါ စည်းကမ်းချက်များနှင့်အညီ ကိုယ်စားလှယ်လောင်းများ၏ ပန်းဖလက်များအား မဲဆန္ဒရှင်ပြည်သူများထံသို့ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။Usdp mon state