မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး တွေ့ဆုံညှိနှိုင်း

 

မြိတ်၊ ​ အောက်တိုဘာ  ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ မျက်နှာစုံညီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာလ ( ၇) ရက်၊  နေ့လည် (၁းဝဝ) အချိန်တွင် မြိတ်မြို့ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည် ။

အစည်းအဝေးကို မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဆွေ၊ ဘဏ္ဍာရေးမှူး ဦးအေးအောင်၊ မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း၊ ဥက္ကဌဦးးမိုးမြင့်၊ ကိုယ်စားလှယ်လောင်း ဦးဇော်လိုင်ဝင်း၊ ဦးမောင် မောင်ထွန်း၊ ဦးကျော်ကျော်ဦး၊ ဦးမောင်တုတ်၊ မြို့နယ်အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာဥက္ကဌများနှင့် အမာခံပါတီဝင်များ တက်ရောက်ကြကာ ပါတီအောင်နိုင်ရေး၊ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီရှေ့လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ပြည်ခိုင်ဖြိုးပါတီ (မြိတ်)