ဌာနချုပ်ရုံးပါတီဝင်လူငယ်များ ပရဟိတ အဖွဲ့ အာဟာရဒါနကျွေးမွေးလှူဒါန်း

13962701_415300081978458_6102156735067831607_n

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ရုံးဝန်ထမ်း လူငယ် မောင်မယ်များက စုပေါင်းဖွဲ့စည်းထားသော ပရဟိတ အကျိုးဆောင်အဖွဲ့မှ ယခုလ ၆ရက် မွန်းလွဲ ၁ နာရီတွင် ဇေယျာ သီရိမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ အမှတ်(၈၆)အခြေခံပညာမူလတန်း ကျောင်းသို့ အာဟာရဒါန ကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါအာဟာရကျွေးမွေးရာတွင် ပါတီဝင်ပရဟိတလူငယ် မောင်မယ်များနှင့် အမှတ်(၈၆) အခြေခံပညာ မူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းနှင့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူ ၁၇၁ ဦးအား အာဟာရ ဒါနအဖြစ် ပေါင်မုန့်နို့ဆမ်းများဖြင့် ကျွေးမွေးဒါနပြုကြကြောင်း သိရသည်။ ထိုသို့ ပရဟိတ လူငယ် မောင်မယ်များ တို့သည် ယခုအကြိမ်မှာ ဒုတိယအကြိမ် အာဟာရဒါန ပြုကြပြီး နောင်တွင်လည်း လစဉ် လတိုင်းဆက်လက်ဒါနပြု လှူဒါန်းမှုများဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အေးကိုကို


Leave a Reply