ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ၊ လှည်းလမ်းကူးကျေးရွာများသို့ ကိုဗစ် -19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေး စတင်

 

ကျိုက်ထို၊ အောက်တိုဘာ

ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ၊လှည်းလမ်းကူး ကျေးရွာများသို့ ယမန်နေ့ မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း၊ ပြည်နယ် လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်း ဦးဇေယျာဦးတို့၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံး ခဲ့ကြသည်။ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များ ဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြပါသည်။Phyo Wai San