ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Mask နှင်Hand Gel များ ကမ်ပိန်း ပြုလုပ်

 

ဗန်းမော် အောက်တိုဘာ

ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက Mask ၊Hand Gel များ ကမ်ပိန်း (Campaign) ပြုလုပ်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၇ နာရီခွဲက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ မင်းကုန်းရပ်ကွက် ဗိုလ်ချုပ်လမ်း သိမ်တော်ကြီးဘုရားရှေ့ ပေါက်ကုန်းရပ်ကွက် ဗန်းမော်-မန်စီလမ်း ကုက္ကိုတောဈေးလမ်းဆုံ၊ သာစည်ရပ်ကွက် ဗန်းမော်-မိုးမောက်ကား လမ်းအခွန်လွတ်ဈေး ရှေ့များတွင် ပြုလုပ်ခဲ့ကြရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစောမိုကျော်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လမ်းသွားလမ်းလာပြည်သူများအား Mask အခု ၂၅ဝဝ၊ HandGel ၁၁ဝဝ ဘူး ဖြန့်ဝေပေး ခဲ့ကြပြီး ‘ပြည်ခိုင်ဖြိုးကိုမဲပေးစို့’ စတစ်ကာများကို မော်တော်ယာဉ်များအား ကပ်ပေးခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ