ယူရိုပါလိဂ်တစ်ရာသီလုံး အကောင်းဆုံးကစားသမားဆုကို အင်တာတိုက်စစ်မှူး လူကာကူရရှိ

မီလန် – အင်တာမီလန်မှဘယ်လ် ဂျီယံတိုက်စစ်မှူး လူကာကူသည် ၂၀၁၉-၂၀ ဘောလုံး ရာသီအတွက် ယူရိုပါလိဂ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။ အီတလီတွင် ပထမဆုံး ဘောလုံးရာသီအတွင်း ပြိုင်ပွဲ အရပ်ရပ် ၃၄ ဂိုးသွင်းကာ ၎င်း၏ ကစားသမားဘဝ ပြန်လည်ရှင်သန်လာခဲ့ပြီး အင်တာမီလန်ချန်ပီယံလိဂ်မှ ထွက်ရကာ ဒုတိယတန်းပြိုင်ပွဲသို့ ရောက်ရှိလာပြီးနောက် ၎င်းသည် ယူရိုပါလိဂ်ခြောက်ပွဲတွင် ခုနစ်ဂိုး သွင်းယူခဲ့သည်။ အင်တာမီလန်သည် ဗိုလ်လုပွဲတွင် ဆီဗီလာကို ၃-၂ ဂိုးဖြင့်ရှုံး နိမ့်ခဲ့သော်လည်း လူကာကူသည် ယင်းတစ်ရာသီလုံး အကောင်းဆုံးကစားသမားဆုအတွက် ရမှတ် ၂၇၀ ရရှိကာ မန်ယူကွင်းလယ်လူ ဖာနန်ဒက်ဇ်က ၁၂၈ မှတ်ဖြင့် ဒုတိယ၊ ဆီဗီလာမှ ဘာနီ ဂါက ၁၁၈မှတ်ဖြင့် တတိယနေရာ၌ ရှိနေခဲ့သည်။ အရင်ဦးဆုံး မိမိအနေဖြင့် ဆီဗီလာကို ယူရိုပါလိဂ်ဖလားရရှိခြင်းအတွက် ဂုဏ်ပြုလိုပြီး အဓိကအားဖြင့် မိမိအသင်းဖော်များကို ကျေးဇူးတင်ကြောင်း လူကာကူ ကပြောကြားသည်။ ယင်းဆုကို ဂျာနယ်လစ် ၅၅ ဦးနှင့် ယူရိုပါလိဂ်အုပ်စုအဆင့်က လပ် ၄၈ ခုမှနည်းပြများဖြင့်ဖွဲ့စည်းထားသောအဖွဲ့က ရွေးချယ်ခြင်း ဖြစ်သည်။ -Ref:Skysports