ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးကော်မတီဝင်များအား လွိုင်ကော်မြို့၌ တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပွဲကို မတ်လ (၉) ရက် နံနက် ၁၁ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌများက ပါတီတွင်းလှုပ်ရှားမှုများကို ဦးစွာတင်ပြခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌများက ဆက်လက်တင်ပြခဲ့သည်။ ထို့နောက် ကယားပြည်နယ် ပါတီဥက္ကဋ္ဌက ကယားပြည်နယ်အတွင်း ပါတီ၏အခြေ အနေကို ခြုံငုံသုံးသပ်တင်ပြခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ် ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

မင်းဟိန်း