မှော်ဘီမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မှော်ဘီမြို့နယ်အတွင်းရှိ Quarantine Center များအား ရေသန့်နှင့် Mask များ ပေးအပ်လှူဒါန်း

 

မှော်ဘီ၊ စက်တင်ဘာ ၂၉

မှော်ဘီမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ ၂၉-၉-၂၀၂၀ ရက်နေ့၌ မှော်ဘီမြို့နယ် အတွင်းရှိ Quarantine Center များဖြစ်သော နည်းပညာတက္ကသိုလ် (မှော်ဘီ) Quarntine Center၊ အ-ထ-က တပ်ကြီးကုန်း Quarantine Centerများသို့ ရေသန့်ကဒ် ၁၀၀ ကဒ်နှင့် Mask – အခုရေ ၂၀၀၀ တို့အား သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာသို့ မှော်ဘီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးဝင်းစိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအေးလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြောင်း သတင်း ရရှိသည်။

သတင်း – ဖြိုးဝေလင်း