မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

 

မအူပင် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လူငယ်ရေးရာအဖွဲ့များ ပါဝင်လျက် COVID-19 ရောဂါကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေး ဖျန်းခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၈နာရီခွဲမှစတင်ပြီး မအူပင်မြို့ အမှတ် (၆) ရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ လူငယ်ရေးရာအဖွဲ့ခေါင်းဆောင် ဦးတင်အောင်ရွှေနှင့် လူငယ် အဖွဲ့ဝင်များ၊ အမှတ် (၆) ရပ်ကွက် လူငယ်၊ရေးရာ အဖွဲ့ဝင်များ၊ အမှတ် (၆) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဆွေမြင့်နှင့် ရပ်မိရပ်ဖများဖြစ်ကြသော ဦးမျိုးနိုင်၊ ဦးအောင်ကျော်ဦးတို့ ပါဝင်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)