ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၁ဝ) ရပ်ကွက်ရှိ မိဘပြည်သူများအား ဆန်နှင့်ဆီများ သွားရောက်ထောက်ပံ့

 

ရန်ကုန် ဇူလိုင် ၂ဝ

ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁ဝ) ရပ်ကွက် အတွင်းရှိ COVID-19 ကာလ အခြေခံ လိုအပ်လျက်ရှိသော မိဘ ပြည်သူများထံသို့ တစ်အိမ်တက်ဆင်း သွားရောက်တွေ့ဆုံကာ ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သားတစ်ဘူးစီကို ထောက်ပံ့ပေးအပ် ခဲ့သည်။  ထိုသို့ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးဗိုလ်စော၊ ပါတီကော်မတီဝင် ဦးခွန်ကျော် မြင့်လှိုင်၊ အလုပ်သမားရေး ရာတာဝန်ခံ ဒေါ်ယဉ်မင်းအေး၊ ရုံးအဖွဲ့မှ ဦးမျိုးသွင်တို့ လိုက်ပါ၍ အမှတ်(၁ဝ)ရပ်ကွက်ရှိ COVID-19 ကာလ အခြေခံလိုအပ်လျက်ရှိသော မိဘပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက် တွေ့ဆုံဆွေးနွေးပြီး လက်ဆောင်အဖြစ် ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သားတစ်ဘူးပေးအပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)