ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ကျောက်ကြီး ဇူလိုင် ၂ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နောင်ဘို ကျေးရွာအုပ်စု ပါတီဝင် ဦးစောမိုးနေအိမ်ရှေ့နှင့် ကျွန်းတောကျေးရွာ ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်း နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ပါတီဆိုင်းဘုတ်များ စိုက်ထူခဲ့ ကြပြီး အဆိုပါဆိုင်းဘုတ်တင်ပွဲ အား ပါတီဗဟိုကော်မတီဝင် ဦးသက်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးစောအောင်ဇေယျ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်း နိုင်ဦးနှင့် ပါတီကော်မတီဝင်များက ပါတီဆိုင်းဘုတ်များအား သွားရောက်စိုက်ထူး ပေးခဲ့ကြောင်း သိရ သည်။

ခိုင်ကြီး (ကျောက်ကြီး)