ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် မယ်ဇလီအိုင်၊ ကျောက်ဆည်၊ ကုက္ကိုတန်းကျေးရွာများရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင်၊ ကျောက်ဆည်၊ ကုက္ကိုတန်းကျေးရွာများရှိ ဒေသခံတောင်သူများအား ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက သွားရောက်တွေ့ဆုံခဲ့သည်။

ဒေသခံကျေးရွာများမှ တောင်သူများက ကျေးရွာမီးလင်းရေး၊ ကျေးရွာစာသင်ကျောင်းများ အဆင့်မြှင့်တင်နိုင်ရန်၊ ဒေသစိုက်ပျိုးသီးနှံများ အခက်အခဲနှင့် ဆည်မြောင်းများ ပြန်လည်ပြုပြင်မွမ်းမံခြင်း ကိစ္စများအပါအဝင် ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းကိစ္စများနှင့် ပက်သက်၍ စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြရသော်လည်း COVID-19 ကဲ့သို့သော မမြင်ရတဲ့ ရောဂါဖြစ်ပွားလာနိုင်ခြင်းကြောင့် သတိဝီရိရထားပြုမူ နေထိုင်လုပ်ကိုင်ကြရန် ဒေသခံများအား တိုက်တွန်းပြောကြား ခဲ့သည်။