ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ အလှူငွေများ လှူဒါန်း

 

ဇွန် ၂၂၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၂-၆-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ပြီး COVID – 19 ရောဂါထိန်းချုပ်ကာလအတွင်း ရုပ်ရှင်လောကသားများအတွက် အလှူငွေကျပ် သိန်း(၃၀၀)အား လှူဒါန်းခဲ့ပါသည်။

အဆိုပါ အလှူငွေအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ပေးအပ် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ လက်ခံခဲ့ပြီး စက်မှုအလွှာအဖွဲ့ကိုလည်း တစ်ဦးခြင်း လှူဒါန်းပေးခဲ့ပါသည်။

#DuWonKyal