ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္ထိစာသင်တိုက်သို့ လှူဒါန်းမူများ ပြုလုပ်

 

ဇွန်လ (၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းခြင်း အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိ ယတ္ထိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ လ္ဘက်ခြောက်နှင့် န၀ကမ္မ၀တ္ထုငွေများ လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းခြင်း အခမ်းအနားတွင် ပေါက်မြိုင်ကျောင်း ပဓာနဆရာတော်ကြီးအား ပါတီဥက္ကဌကိုယ်စား ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဌာနချုပ်မှူး ဦးသောင်းရွှေနှင့် ဘဏ္ဍာရေးမှူး ဦးမြသန်းတို့မှ လှူဒါန်းပူဇော် ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်ကြီးနှင့် ရဟန်းသံဃာများထံမှ ပရတ်တရားတော်များ နာကြားခဲ့ပြီး လှူဒါန်းမူ အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။