ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံ ချင်းတိုင်းရင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ် ၂၃ ၊ ဟားခါး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဟားခါးမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်း သားများ နေထိုင်ရာကျေးရွာများမှ ဒေသခံများအား ယမန်နေ့ မွန်းလွဲပိုင်းက ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အဖွဲ့သည်   ၁၅း၀၀ နာရီချိန်၌ ဘုံဇုံကျေးရွာ တွင်လည်းကောင်း၊ ၁၆း၁၃ နာရီအချိန်၌ လမ်သုတ်ကျေးရွာတွင်လည်းကောင်း၊ ၁၇း၀၅ နာရီအချိန်၌ ဇိုခွါးကျေးရွာ တွင်လည်းကောင်း ဒေသခံချင်းတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ပြက္ခဒိန်များ၊ အိတ်ဆေင်ပြက္ခဒိန်များ၊ ပြည်ခိုင်ဖြိုးတံဆိပ်ပါ ဦးထုပ်များ၊ ကန်ဘောလုံး၊ ဘောလီ ဘော ဘောလုံးများအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ချင်းပြည်နယ် နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ ချင်းပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ချင်းပြည်နယ် ပါတီ အတွင်းရေးမှူး ဦးကျုံးဘိခ်တို့ လိုက်ပါခဲ့ကြောင်း သိရသည်။