ပြည်ခိုင်ဖြိုးပါတီမှ ပြွန်တန်ဆာမြို့မ (၁) အောက်စု အရပ်တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

 

မတ် ၁၈၊ ညောင်လေးပင်

ပြည်သူများ၏ ဆေးဝါးကူညီလှူဒါန်းမှုများဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများအား ၁၈-၃-၂၀၂၀ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မ (၁) အောက်စုအရပ်တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။

ဆေးကုသစောင့်ရှောက်ပေးမှုများနှင့်အတူ ပြည်သူများအား Corona Virus အခြေအနေအမှန်များနှင့် ဆောင်ရွက်ရန် ကိစ္စအရပ်များ၊ ရှောင်ရန်အကြောင်းအရာများကိုလည်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ကုသရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာသန့်ဇော်လွင်၊ ညောင်လေးပင်မြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။