ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ပါတီတာဝန်ရှိသူများမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ကျခံရသည့် ဦးတင်စိုး၏ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြား

 

မတ် ၁၈၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့သွားရောက်ပြီး ၁၃ရက်နေ့တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၆) လ ချမှတ်ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ နေအိမ်သို့ သွားရောက်ပြီး မိသားစုဝင်များအား တွေ့ဆုံကာ အားပေးနှစ်သိမ့်စကားများပြောကြားခဲ့ပါသည်။

တွေ့ဆုံအားပေးနှစ်သိမ့်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများမှ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။