ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
မတ်(၁၈)၊ရမည်းသင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ရမည်းသင်း ခရိုင်ပါတီရုံးခန်းမတွင် ရမည်းသင်းခရိုင်နှင့် ခရိုင်အတွင်းရှိမြို့ နယ်ပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံရာတွင် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်ပါတီများမှ တာဝန်ရှိသူများက နယ်မြေအလိုက်ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေ တာဝန်ခံ ဦးဝဏ္ဏမောင်လွင်မှ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်တင်ပြလာမှုများအပေါ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အဖွဲ့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရမည်းသင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းအေး၊ ခရိုင်ပါတီကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသော်တာဆောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်မြို့ နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။