ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ သြဂုတ် ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ခရိုင်ပါတီ ကော်မတီဝင်များနှင့်အတူ ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ညနေ ၄ နာရီခွဲတွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) အကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်း ကိစ္စရပ်များ အား အပြန်အလှန် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။