ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါပေါ်က လဲကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် ညနေ (၆:၀၀) နာရီမှ (၇:၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲ ကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာ ပါတီဝင် ဦးတီရယ်နေအိမ်တွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ဒေါဆော်လိကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။

၎င်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ် အောင်သိန်း၊ ပြည်နယ်ပါတီနာယက ဦးတောရယ်နှင့် ဦးခီးရယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဘော်ရယ်၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်၊ ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင် ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးမင်းဇော်ဦးနှင့် ကျေးရွာပါတီဥက္ကဌ၊ ဒေါဆော်လိရွာပါတီဝင်များ စုစုပေါင်းအင်အား (၃၀) ကျော် တက်ရောက် ကြောင်း သတင်းရရှိ သည်။  မမောင် မမောင်