ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခမဲ့ကျန်းမာရေး စောင့်ရှောက်

 

ကျုံပျော် ဇွန် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟို) ၏ စီမံကူညီမှုဖြင့် ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ဆေးကုသမှုကို ကျုံပျော်မြို့နယ် မြို့မတိုက်နယ် အောင်ဆန်းရပ်ကွက် အင်းရဲလမ်း ပြည်လုံး ပေါ်ဘုရားကြီး ကျောင်းတိုက်တွင် ပြုလုပ်ပေးခဲ့သည်။

မြို့မတိုက်နယ်ရှိ ပြည်သူ ၃၅ဝ ကျော်အား ဆေးကုသမှုများ ခံယူခြင်းကို ခွဲစိတ်ဆရာဝန်၊ မျက်စိဆရာဝန်နှင့် အထွေထွေရောဂါကု ဆရာဝန်များက အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး